The Luxury Cosmetics from Seoul, Korea

Aloe Peeling Gel

  • Brand: Grace Day
  • Product Code: Peeling Gel
  • Availability: In Stock

$2.50


Description

GRACE DAY

ALOE PEELING GEL

IN BURMESE

[Product Features]

             ရှားစောင်းလက်ပပ် ဆီထွက်ရည်ပါဝင်ပြီး ပြင်ပဘေးအန္တရာယ်များကြောင့် ထိခိုက်နွမ်းနယ်နေသော အသားအရေကို ပြေလျော့စေကာ ချွေးပေါက်အတွင်းရှိ ဆဲလ်သေများနှင့် အညစ်အကြေးများကို ယားယံမှုမရှိဘဲ ညင်သာစွာ ဖယ်ရှားပေးပါသည်။ မျက်နှာသစ်ပြီးနောက်တွင်ပင် အသားအရေကို စိုပြေလတ်ဆတ်ပြီး ကြည်လင်သန့်စင်စေသည်။
             အရွယ်အစားစုံလင်သော hyaluronic acid (၄) မျိုးနှင့် အစိုဓာတ်ထိန်းသိမ်းပေးသည့် ပါဝင်ပစ္စည်းများ ပေါင်းစပ်ပါဝင်ကာ အသားအရေ၏ အတွင်းလွှာမှ စိုထိုင်းမှုကို ဖန်တီးပေးပြီး အစိုဓာတ်ဆုံးရှုံးမှုကို ၇၂% အထိ လျှော့ချပေးကာ မျက်နှာသစ်ပြီးနောက်တွင်ပင် အသားအရေကို ကြာရှည်စွာ စိုပြေစေပါသည်။

အဓိကအာနိသင်

ရှားစောင်းလက်ပပ် - ယားယံမှုကို သက်သာစေခြင်း၊ အသားအရေ ပြေလျော့စေခြင်း
Hyaluronic Acid (၄) မျိုး - အသားအရေ၏ အနက်ရှိုင်းဆုံးလွှာထိ စွမ်းဆောင်နိုင်ခြင်း
ဆဲလ်သေဖယ်ရှားခြင်း - ချွေးပေါက်နက်ရှိုင်းသန့်စင်ခြင်း
အစိုဓာတ်ထိန်းခြင်း - ရေဓာတ်ဆုံးရှုံးမှုကို ၇၂% အထိ ကာကွယ်ပေးခြင်း

သင့်တော်သောအသားအရေ

ယားယံလွယ်သော အသားအရေ, ခြောက်သွေ့ထူထဲသော အသားအရေ, ညစ်ညမ်းမှုဒဏ်ခံရသော အသားအရေ, Dehydrated အသားအရေ

အသုံးပြုနည်း

       မျက်နှာသစ်ပြီးနောက် အရေပြားပေါ်ရှိ ရေစက်များကို သုတ်လျှော်၍ မျက်နှာအနှံ့ သင့်တော်သော ပမာဏကို လိမ်းကျံပေးပါ။ မျက်နှာပြင်အနည်းငယ် ခြောက်သွားပါက နှိပ်နယ်သကဲ့သို့ စက်ဝိုင်းပုံသဏ္ဍာန် လှိမ့်၍ ပွတ်တိုက်ပေးပါ။ ဆဲလ်သေများ ထွက်လာပါက ရေနွေးနွေးလေးဖြင့် သေချာစွာ ဆေးကြောပါ။တစ်ပတ်လျှင် ၁ - ၂ ကြိမ် အသုံးပြုရန် သင့်တော်ပါသည်။ သို့ရာတွင် မိမိ၏ အသားအရေအခြေအနေကို လိုက်၍ အသုံးပြုသည့် အကြိမ်ရေကို ညှိယူနိုင်ပါသည်။

[Volume]

100ml